ရက်ပေါင်းများစွာအစာမစားဘဲ အသက်ရှင်နေနိုင်တဲ့ သတ္တဝါများ
ကမ္ဘာပေါ်မှာ ရေနေသတ္တဝါ၊ကုန်းနေသတ္တဝါ၊ကုန်းနေရေနေ စသည်ဖြင့် တိရိစ္ဆာန်အမျိုးပေါင်းများစွာရှိကြပါတယ်။ တစ်ချို့သော တိရိစ္ဆာန်တွေဟာ အစာမစားဘဲရက်ပေါင်းများစွာနေနိုင်ကြပါတယ်။ လူဖြစ်ပါစေ တိရိစ္ဆာန်ဖြစ်ပါစေ တစ်ရက်နှစ်ရက်လောက်ခန့် အစာမစားဘဲနေနိုင်စွမ်းရှိပါတယ်။ သို့သော်တစ်ချို့သောတိရိစ္ဆာန်များဟာ သူတို့ရဲ့ ဇီဝဖြစ်စဉ်များကြောင့် နှစ်ပေါင်းသုံးဆယ်ခန့်လောက်အထိအစာမစားဘဲနေနိုင်စွမ်းရှိကြပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ ရက်ပေါင်းများစွာအစာမစားဘဲ အသက်ရှင်နေနိုင်တဲ့ တိရိစ္ဆာန်များအကြောင်းဖြစ်ပါတယ်။ ၁။ ကြောင် ( ၂ပတ်ခန့် ) ကြောင်လေးတွေဟာ သူတို့အရင်က စားခဲ့တဲ့အစားအစာနှင့်ရေပမာဏ သူတို့ရဲ့ကျန်းမာရေးအခြေနေပေါ်မူတည်ပြီး နှစ်ပါတ်လောက်ကြာသည်အထိ အစာမစားဘဲနေနိုင်ကြပါတယ်။ ၂။ ကုလားအုတ် ( နှစ်လခန့် ) ကုလားအုတ်များကတော့ သူတို့ ဘို့ တွေမှာ အစာနဲ့အဆီဓါတ်ရေဓါတ်တွေကို စုဆောင်းထားနိုင်တာကြောင့် သူတို့ဟာပူပြင်းတဲ့ ကန္တာရတွေထဲမှာတောင် နှစ်လလောက်အစာမစားဘဲအသက်ရှင်နေနိုင်ကြပါတယ်။ ၃။ ငါးမန်းဖြူ ( သုံးလခန့် ) ငါးမန်းဖြူတစ်ကောင်ဟာ တစ်နှစ်ကို အစာ ၁၁ တန်ခန့်စားသောက်နိုင်ပါတယ်။ များသောအားဖြင့် … Read more