သံတမန်တစ်ဦးအဖြစ် ဖြူဖြူထွေး ခန့်အပ်ခံလိုက်ရပြီ

ဖြူဖြူထွေးဟာ ရိုးသားကြိုးစားပြီး စိတ်ရင်းကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်ကြတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကြော်ငြာပေါင်းများစွာကို ရိုက်ကူးပြီး အောင်မြင်နေသူ တစ်ဦးဖြစ်သလို ဝါရင့်အနုပညာရှင်ကြီးတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပေးနေသူဖြစ်ပါတယ်။ အဲဒီလို ပရဟိတစိတ်ရှိမှု စိတ်ထားကောင်းမှုတွေကြောင့် ပိုပိုပြီး အောင်မြင်လာနေတာပဲ ဖြစ်ပါတယ်။ ခုဆိုရင်လည်း အားလုံးကချစ်ကြတဲ့ ဖြူဖြူထွေးဟာ ရန်ကုန်အသက်မွေး နည်းပညာကောလိပ် ပညာရေးမြှင့်တင်မှုအတွက် YVCT Kindness Ambassador အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ ဒီအကြောင်းလေးကို ဖြူဖြူထွေးက သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ခုလို ဖော်ပြထားပါတယ်။ “ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ပညာရေးမြှင့်တင်မှု အတွက် YVCT Kindness Ambassador ခန့်အပ်ပွဲ ဖြစ်ပါတယ်ရှင့်” ခုလို ပညာရေးကဏ္ဍမှာ Kindness Ambassador အဖြစ်ခန့်အပ်ခြင်းခံရလို့ ပရိသတ်တွေကလည်း ဂုဏ်ယူစွာနဲ့ ဂုဏ်ပြုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ပရိသတ်ကြီးတို့လည်း Kindness Ambassador တစ်ယောက်ဖြစ်တဲ့ … Read more

ဖြူဖြူထွေးရဲ့ ကန်တော့ခံအလှူငွေကြောင့် ဝေဖန်ခံနေရတဲ့ အုပ်ချုပ်/ဖြန့်ချီ ဦးမောင်မောင် ပြောပီ ( ရုပ်သံ )

ဖြူဖြူထွေးရဲ့ ကန်တော့ခံအလှူငွေကြောင့် ဝေဖန်ခံနေရတဲ့ အုပ်ချုပ်/ဖြန့်ချီ ဦးမောင်မောင် Online Cele ဖြူဖြူထွေးရဲ့ ကူညီမှုကိုလက်ခံခဲ့တဲ့ မြန်မာနိုင်ငံရုပ်၇ှင်အစည်းအရုံး အုပ်ချုပ်/ဖြန့်ချီ အလွှာက ဦးမောင်မောင်က ပြင်းထန်တဲ့ဝေဖန်မှုများနဲ့ရင်ဆိုင်နေရသလို မိသားစုဝင်တွေနဲ့လည်းအဆင်မပြေ၇ှိခဲ့ကြောင်းသိရသည်။ သြဂုတ် ၂၆ရက် မှာ ရုပ်၇ှင်အစည်းအရုံးရောက် ဦးမောင်မောင်နှင့်. . . Credit to Myanmar Star Media ============= UNICODE ဖြူဖြူထွေးရဲ့ ကန်တော့ခံအလှူငွေကြောင့် ဝေဖန်ခံနေရတဲ့ အုပ်ချုပ်/ဖြန့်ချီ ဦးမောင်မောင် Online Cele ဖြူဖြူထွေးရဲ့ကူညီမှုကိုလက်ခံခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အုပ်ချုပ်/ဖြန့်ချီ အလွှာက ဦးမောင်မောင်က ပြင်းထန်တဲ့ဝေဖန်မှုများနဲ့ရင်ဆိုင်နေရသလို မိသားစုဝင်တွေနဲ့လည်းအဆင်မပြေရှိခဲ့ကြောင်းသိရသည်။ သြဂုတ် ၂၆ရက် မှာ ရုပ်ရှင်အစည်းအရုံးရောက် ဦးမောင်မောင်နှင့်. . . . Credit to Myanmar Star … Read more

ဇာတ်ကားတွေထဲမှာသာ ပါဝါတွေအမျိုးမျိုးရှိတဲ့ ဟီးရိုးကြီးဖြစ်ပေမယ့် လက်တွေ့ဘဝမှာတော့သားလေးပြုသမျှ နုနေရရှာတဲ့ နေထူးနိုင်

သဘာဝလွန် အက်ရှင်ဇာတ်ကားတွေကို အများဆုံး ရိုက်ကူးတဲ့ မင်းသား နေထူးနိုင်ကတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ သူကြိုက်တဲ့ ဇာတ်ကောင်မျိုးစုံမှာ သရုပ်ဆောင်ရင်း ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်ကို စွဲစွဲမြဲမြဲလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေထူးနိုင်က အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုလေးကို အချိန်ပေး ဂရုစိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ နေထူးနိုင်က သူ့ရဲ့ နေ့ရက်တိုင်းကို သားလေးတွေနဲ့သာ အချိန်ကုန် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ ဇာတ်ကားတွေထဲမှာသာ ပါဝါတွေအမျိုးမျိုးရှိတဲ့ ဟီးရိုးကြီးဖြစ်ပေမယ့် လက်တွေ့ဘဝမှာတော့ သားတွေပြုသမျှ နုနေရပြီး မျက်နှာမှာ ဆေးရောင်စုံခြယ်ခံနေရတာကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ အိမ်ထောင်ဦးစီးပီသစွာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသလို မိသားစုလေးကိုလည်း အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နေထူးနိုင်တို့ မိသားစုလေးကိုကြည့်ပြီး … Read more

အညာမြေစားဖွယ်စုံ ဆိုင်လေးကို မိသားစုစုံစုံလင်လင် အသစ်ပြန်လည် တိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ ခင်လှိုင်

ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ခင်လှိုင်က ယနေ့အချိန်အထိ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ခင်လှိုင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင် ​ပေါများလို့နေတာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ခင်လှိုင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေသာမကဘဲ စီးပွားရေးဘက်မှာလည်း အောင်မြင်အောင် လုပ်ကိုင်ကာ မိသားစုကို စိတ်ချမ်းသာအောင်ထားတဲ့ အိမ်ထောင်ဦးစီးကောင်း ပီသသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း သူရဲ့အညာမြေ စားဖွယ်စုံဆိုင်လေးကို မိသားစုစုံစုံလင်လင် အသစ်ပြန်လည် … Read more

မြင့်မြတ်က မနက်ရောညပါ ဖုန်းဆက်ပြီး စိတ်ဓာတ်တွေကျနေချိန်မှာ အားပေးခဲ့ကြောင်း ပြောပြခဲ့တဲ့ ယုန်လေး

မြင့်မြတ်က မနက်ရောညပါ ဖုန်းဆက်ပြီး စိတ်ဓာတ်တွေကျနေချိန်မှာ အားပေးခဲ့ကြောင်း ပြောပြခဲ့တဲ့ ယုန်လေး ယုန်လေးဟာဆိုရင် အခုတလော ဆိုရှယ်မီဒီယာမှာ နာမည်ကြီး ရေပန်းစားနေသူတစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့ဲ့ရက် အနည်းအငယ်က ထွက်ခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် လူအများရဲ့ဝေဖန်မှုခံခဲ့ရရုံသာမက ရုပ်ရှင်အစည်းအရုံးမှ အနုပညာအလုပ်တွေလုပ်ခွင့် တစ်နှစ်တိတိရပ်နားတာခံခဲ့ရပါတယ်။ မြင့်မြတ်က စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ဘယ်လို အားပေးခဲ့တယ်ဆိုတာ ယုန်လေးက ပြောပြခဲ့ပါတယ်။ ယုန်လေးဟာ သူကိုယ်တိုင်က စိတ်အတက်အကျမြန်သူဖြစ်ပြီး ဝေဖန်မှုပေါင်းများစွာရဲ့ဒဏ်တွေကို (၂)ပတ်နီးပါး ခံစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာ ဘေးနားက ချစ်လှစွာသော မိသားစုအရင်းလို ခင်မင်ကြတဲ့သူတွေရဲ့ အားပေးမှုကြောင့် ပြန်အဆင်ပြေလာခဲ့ပါတယ်။ အားပေးတဲ့သူတွေထဲမှာ ကြမ်းတမ်းစွာအားပေးတဲ့သာတွေ သိမ်သိမ်မွေ့မွေ့လေးအားပေးတဲ့သူတွေပါရှိကြောင်းပြောခဲ့တယ်။ ကြမ်းတမ်းတဲ့ သူတွေကိုလဲ မဟုတ်တာတွေမလုပ်ဖို့ ယုန်လေးမှ မေတ္တာရပ်ခံရကြောင်း ပြောပြခဲ့ပါတယ်။ အားပေးပြီး အနားမှာရှိတဲ့ ညီအကိုတွေရော ညီမလေးတွေကိုရော ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။ အဲ့ထဲကမှ … Read more

ကလေးတွေပုံဆွဲထားတဲ့အတိုင်း တိရိစ္ဆာန်တွေကို Photoshop နဲ့ရယ်စရာကောင်းအောင် ပြုလုပ်ခဲ့တဲ့အမျိုးသား

အင်္ဂလန်နိုင်ငံ လန်ဒန်မှာနေထိုင်တဲ့ Tom Curtis လို့ခေါ်တဲ့ ကလေးအဖေတစ်‌ယောက်ဟာ Instagram ပေါ်မှာ ” Things I Have Drawn ” ဆိုတဲ့ Page မှာ ကလေးတွေရေးဆွဲထားတဲ့ တိရိစ္ဆာန်ပုံတွေကို လက်တွေ့ဘဝမှာ ဘယ်လိုပုံစံရှိမလဲဆိုပြီး တကယ့်တိရိစ္ဆာန်ဓာတ်ပုံတွေကို Photoshop ပြုလုပ်ပြီးတင်ခဲ့ပါတယ်။ တချို့ပုံတွေဟာ ရယ်စရာကောင်းပေမယ့် တချို့ပုံတွေဟာလည်း ကြောက်စရာကောင်းနေခဲ့ပါတယ်။ အောက်ဘက်မှာတော့ Tom တစ်ယောက် Photoshop ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။

ဘီလျံနာတစ်ယောက် ဖြစ်လာပါက ဝယ်ယူသင့်တဲ့ အမိုက်စားရွက်လှေ ( 5 ) စီး

ပင်လယ်ပြင်မှာ ရွက်လွင့်ပြီး ခရီးသွားရတာဟာ အလွန်ပျော်စရာကောင်းလှတဲ့ ခရီးတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့်သင့်ရဲ့ကိုယ်ပိုင် ရွက်လှေနဲ့ ခရီးထွက်တာကတော့ ပို၍သက်တောင့်သက်သာရှိကာ ပိုပြီးတော့လည်းဇိမ်ရှိစေပါတယ်။ကျွန်ဝော်တို့အားလုံးဟာ ချမ်းသာလွန်းကြတဲ့ ဘီယံနာကြီးတွေမဟုတ်ပေမယ့် ဘယ်လိုမျိုးဇိမ်ခံ အပန်းဖြေရမလဲဆိုတာ‌တော့ ကောင်းကောင်းသိထားဖို့လိုပါတယ်။ အကယ်၍ဘီလီယံနာတွေဖြစ်လာတဲ့အခါ သင့်တို့အနေနဲ့ ဝယ်ယူပိုင်ဆိုင်ထားသင့်တဲ့ ဇိမ်ခံရွက်လှေတွေအကြောင်းကိုတင်ဆက်ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။ (၁)ရွက်လှေ”A” ကမ္ဘာ့အကြီးဆုံးရွက်လွင့်သင်္ဘောကြီးတစ်စင်းဖြစ်တဲ့ ရွက်လှေ”A”ကတော့ ဘီလီယံနာသူဌေးကြီး အမ်ဒရီ မယ်နီချန်ကို ကပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီ သင်္ဘောရဲ့ နာမည်ကတော့ ပိုင်ရှင်ဖြစ်သူနဲ့ သူ့ရဲ့ဇနီး အလက်စန္ဒားရဲ့ နာမည်အစစကားလုံး A ကိုယူထားတာလည်းဖြစ်ပါတယ်။ဒီ‌ သင်္ဘောကိုပြုလုပ်ရာမှာတော့ ပိုင်ရှင်ဖြစ်သူဟာ ဒေါ်လာသန်း၃၀၀အထက်အသုံးပြုခဲ့ရပြီး နာမည်ကျော်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဖီလစ်ပီ စတာရပ်ရဲ့ လက်ရာဒီဇိုင်းလည်းဖြစ်ပါတယ်။ဒီရွက်လှေကတော့ ၁၂၀မီတာ(ဘောလုံးနဲ့ ဘက်စကတ်ဘော ကွင်းနီးနီး)ရှည်လျားပြီး ရေကူးကန်သုံးခုအထိပါဝင်ပါတယ်။ထိုထဲကရေကန်တစ်ခုရဲ့ အောက်ကြမ်းပြင်ဟာ ဖန်သားနဲ့ပြုလုပ်ထားပြီး သူရဲ့အောက်မှာရှိတဲ့ ဒစ်စကိုတီးလုံးတွေနဲ့ မီးရောင်စုံတွေဟာ ရေကန်ထိကိုတက်လာနေတာကိုတစ်ချိန်ထဲမှာတွေ့နိုင်ပါတယ်။ (၂)Maltese Falcon မြန်နှုန်းအားဖြင့်အလွန်မြန်ဆန်လွန်းလှတဲ့ Maltese Falcon … Read more

လူမှုကွန်ယက်မှာအထူးရေပန်းစားနေတဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်

ယခု သတင်းသည် Shwe Yaung Myanmar မှ ကူးယူရေးသားထားသော သတင်း ဖြစ်သည်။ လူကြမ်းသရုပ်ဆောင်လို့ဆိုလိုက်တာနဲ့ မြန်မာရုပ်ရှင်တွေထဲပါလေ့ရှိတာကတော့ ကြာကူလီပုံစံ သူကြီးနောက်လိုက်ပုံစံခပ်ပေါပေါ ကာရိုက်တာများသာဖြစ်ပါတယ် လူကြမ်းတွေရဲ့ လုပ်ပိုင်ခွင့်ဟာ မြန်မာ့ရုပ်ရှင်အတွက် ပျောက်ဆုံးနေခဲ့တာ ကြာမြင်ခဲ့ပြီပဲဖြစ်ပါတယ် ဒီနေ့မနက် ဖေ့ဘုတ်စာမျက်နှာပေါ်က လူမှုကွန်ရက်မှာ တော့လူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်နဲ့ ဦးအရိုင်းမင်းတို့ရဲ့ပုံတွေကို လူတော်တော်များများကြိုက်နှစ်သက်ပြီး မျှဝေမှုတွေ များပြားနေခဲ့ပါတယ် ဒီအကြောင်းနဲ့ပတ်သတ်ပြီး လူကြမ်းသရုပ်ဆောင်မျိုးကြည်က အခုလိုပဲ ပြောပြလာခဲ့ပါတယ် “မီဒီယာတခုမှာ တွေ့ပြီးတော့ ကြည့်တယ်လို့တော့ ပြောတယ်။ သူတို့ လိုချင်တဲ့ပုံစံက ဒီလိုပုံစံကို လိုချင်တယ်။ အဓိကကတော့ နှုတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးနဲ့ လိုချင်တယ်ပေါ့။ စိတ်ကူးရှိတဲ့ အချိန်မှာ မီဒီယာတခုက သတင်းတခုမှာ တွေ့လိုက်တယ်။ အဲဒါကို လိုက်တာ။ ဖုန်းနံပါတ် တောင်းပြီး ဆက်သွယ်ပြီး လုပ်ဖြစ်တာ” လို့ … Read more

သရုပ်ဆောင်တစ်ချို့က စျေးနှိမ်ပေးပြီး နှိမ့်ချဆက်ဆံတယ်လို့ ဝေဖန်ကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ ဖြူဖြူထွေး

သတင်းသည် Shwe Yaung Myanmar မှ ကူးယူရေးသားထားသော သတင်း ဖြစ်သည်။ ပရိသတ်ကြီးရေ ဖြူဖြူထွေး ကတော့ အားလုံး သိကြတဲ့အတိုင်း ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ယခုလို ကိုဗစ်ကာလမှာလည်း နောက်လိုက် အနုပညာရှင်များကို ခေါ်ယူပြီး ကြော်ငြာရိုက်ကူးရေးတွေလည်း ပြုလုပ်နေပါတယ်။ အလှူအတန်းမှာလည်း ရက်ရက်ရောရောနဲ့ ပါဝင်ကူညီနေတယ်ဆိုတာလည်း ပရိသတ်ကြီးအားလုံး သိရှိလောက်မှာပါ။ ယခုရက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ချို့က ဖြူဖြူထွေးဟာ အနုပညာရှင်တွေကို နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ ဝေဖန်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီလို ဝေဖန်မှုတွေကို ဖြူဖြူထွေးက တည်ငြိမ်စွာနဲ့ ဖြေရှင်းလာခဲ့တာပါ ဖြူဖြူထွေးက ” ကိုယ်က ဇာတ်ညွှန်းရေးတဲ့ သူဆိုတော့ ဇာတ်သိချင်လို့ ဖုန်းနဲ့ ပြောပေးတာကလွဲပြီး သရုပ်ဆောင်တွေကို ကိုယ်တိုင် ဖုန်းဆက်ပြီး မခေါ်ဖြစ်ဘူး။ ဘာဖြစ်လို့ ကိုယ်တိုင် … Read more

သူခေါ်ရိုက်မှ ဒီလူတွေအဆင်ပြေတယ်…ဒီလူတွေကို သူကအလုပ်တွေပေးနေတာပါလို့

လူတွေအတော်မနာလိုကြတာပဲဗျာ ဖြူဖြူထွေးလေးအချိန်တိုးအတွင်းအောင်မြင်လာတော့ မနာလိုကြတော့ဘူး။ဆရာကြီးစတိုင်နဲ့ လိုက်ပြောနေကြတယ် ကိုအဖြစ်မရှိလို့ Talent ရှိနေတဲ့သူကကျော်တက်သွားတာပါ ခံပေါ့။ သူက သူခေါ်ရိုက်နေတယ်လို့မပြောပါဘူး ခေါ်ရိုက်ခံရသူတွေကိုယ်တိုင်က ဖြူဖြူထွေးခေါ်ရိုက်လို့လို့ပြောခဲ့ကြတာပါ။ဒါကိုမနာလိုပြီး လျှောက်ပြောနေကြတာ မြင်လို့၊ကြားလို့မကောင်းဘူး…😔 သူခေါ်ရိုက်မှ ဒီလူတွေအဆင်ပြေတယ်…ဒီလူတွေကို သူကအလုပ်တွေပေးနေတာပါလို့ … သူအမြဲတမ်းပြောတယ်… အဲ့စကားလုံးကြီးကို မသုံးစေချင်ဘူး… သူသည်ဒီလူတွေကို မှီပြီး Follower, Like & Share တိုးဖို့အတွက် လှေကားထစ်လို ဘဝတစ်ခုကို ဖြတ်သန်းနေတာ … မင်းခန့်ကျော်….Fashion Magazine Myanmar/MinKhantKyaw