လွယ်ကူရိုးရှင်းတဲ့ ကြာဇံချက် ချက်နည်း

မေးထားကြသူများအတွက် #ကြာဇံချက် 👇 “ ကြာဇံချက် ချက်နည်း ´´ ~ကြွက်နားရွက်မှိုခြောက် ပန်းခြောက် ကြက်တောင်ပံတု နဲ့ ပဲပြားလိပ် လေးမျိုးကို ရေစိမ်ထားပေးပါ။ ပန်းခြောက်ကလွဲပြီး ကျန်သုံးမျိုးကို ၅မိနစ်တစ်ခါ စိမ်ထားသော ရေများသွန်ပြီး ရေအသစ်လဲ၍ ပြန်စိမ်ထားပေးပါ။ ဆိုးဆေးတွေပါနိုင်လို့ပါ။ ရေ ၃ခါလောက်လဲပေးပြီးရင် ဇကာဖြင့်ရေစစ်ပြီး ကတ်ကြေးဖြင့် အနေတော်အရွယ်ညှပ်ထားပေးပါ။ ~ကြက်သား(သို့)ကြက်ရိုး ကို ဆား ဆနွင်း အရသာမှုန့် နယ်ထားပါ။ ~ကြက်သွန်ဖြူနီထောင်းထားပေးပါ။ ကြက်သွန်ဥအလုံးလိုက် အခွံခွာထားပေးပါ။ ~ပဲကြာဇံရေစိမ်ထားပေးပါ။ ~ကြက်သားကို ဂျင်း သကြား ရေ ကြက်သွန်ဥအလုံးလိုက် ထည့်ပြီး တစ်နာရီခန့် ပြုတ်ပေးပါ။ အပေါ်မှ ဝေ့တက်လာသော အမဲဖတ်များ ခပ်ထုပ်ပစ်ပါ။ ကြက်သားနူးအိပြီဆို ဟင်းအိုးချပါ။ ဆီအနီရဖို့ ပြင်ဆင်ပါ့မယ်။ ~ထောင်းထားသောကြက်သွန်ဖြူနီ ကို … Read more

ကင်ဆာရောဂါ ဖြစ်ပွါးမှုကို လျော့ချပေးတဲ့ မင်းကွတ်သီးအစွမ်း

ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊ အစားအသောက် မှားယွင်းခြင်းပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။ အစားအစာနှင့်ပတ်သက်လျှင် ကင်ဆာအားပေးသောအစားအစာများကို ရှောင်ကြဉ်ပြီး ကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သောအစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင် ကင်ဆာဖြစ်ရန် အလားအလာလျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။ သာမန်အားဖြင့် မင်းကွတ်သီး၏အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့်အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်းအခွံအမာသားသည် အလွန်ခါးသည့်အတွက် အတွင်းပိုင်း ပျော့သည့်အခွံကိုသာ ဇွန်းဖြင့်ခြစ်ယူပြီး … Read more

၂၆နှစ်လုံးလုံး အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ မိခင်ဖြစ်သူရဲ့ပိတ်ပင်ခြင်းခံခဲ့ရတဲ့အမျိုးသမီး

ထိုအမျိုးသမီးရဲ့ အမေဖြစ်သူ Tatyana Bushueva ရဲ့ ဖော်ပြချက်အရ “သူမကိုကမ္ဘာကြီးပေါ်ကနေကယ်တင်ဖို့ ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သမီးဖြစ်သူ Nadezhda Bushueva သည် အခုချိန်မှာတော့ အသက် ၄၂နှစ်ရှိပြီဖြစ်ကာ အမေဖြစ်သူ ဆေးရုံတင်ရမယ့် အခြေအနေကြောင့် အိမ်ကနေ ပထမဦးဆုံးအကြိမ်ထွက်လာခဲ့တာဖြစ်ပြီး ဆေးရုံဆိုတာ ဘာလဲဆိုတာတောင် သူမမသိခဲ့ပါဘူး။ ထိုသားအမိနှစ်ဦးဟာ အိမ်ထဲမှာ ကြောင်များစွာနဲ့ အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေနဲ့ လျှပ်စစ်မီးတွေမရရှိခဲ့တာကြောင့် သူမတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်မှ စကာ ရေချိုးသန့်စင်တာမျိုးတွေ မလုပ်ခဲ့ရဘူးလို့ဆိုပါတယ်။ဒါအပြင်ကို ၂၆နှစ်လုံးလုံး ဆံပင်ညှပ်ခြင်း မရှိတာကြောင့် သူမရဲ့ ဆံပင်တွေဟာ ရှည်လျားလုံးထွေးနေပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့မှ ညှပ်ခဲ့ရပါတယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှတဲ့ ထိုအဖြစ်အပျက်ကတော့ ရုရှားနိုင်ငံအနောက်ပိုင်း Nizhny Novgorod ဒေသရှိ Vachsky ခရိုင်၊ Arefinsky ရွာတွင်ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ Nadezdha ရဲ့ … Read more

ကမ္ဘာကြီးညစ်ညမ်းလာမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ ဓါတ်ပုံ ( ၁၈ ) ပုံ

ကျွန်ုပ်တို့နေထိုင်သော လှပတဲ့ကမ္ဘာဟာ မဖော်ပြနိုင်သောရှုခင်းများ၊ လှပသောသမုဒ္ဒရာများနှင့်ရင်သပ်ရှုမောဖွယ်ကောင်းသောနေရာများနှင့် ပြည့်နှက်နေသည်မှာ အံ့သြစရာမဟုတ်ပါ။ သို့သော် လူဦးရေတိုးတတ်လာသည်နှင့်အမျှ တစ်ချိန်ကသာယာလှပသည့် ထိုနေရာများသည် လူတို့ကြောင့် အလျှင်အမြန်ပျက်စီးလာနေပါတယ်။ ကမ္ဘာပေါ်ကဘီလီယံနှင့်ချီတဲ့ လူတွေရဲ့နေ့စဉ်စွန့်ပစ်ပစ္စည်းများ၊အမှိုက်များ၊စက်ရုံ၊အလုပ်ရုံများနှင့် အင်ဂျင်တပ်ကား၊ဆိုင်ကယ်များကထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များက သဘာဝပတ်ဝန်းကျင် ကို ဆိုးရွားစွာထိခိုက်ပျက်စီးစေရုံသာမကဘဲ လူများ တိရိစ္ဆာန်များနှင့် ကမ္ဘာပေါ်က သက်ရှိများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေပါတယ်။ ယခုဖေါ်ပြပေးမဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီးညစ်ညမ်းလာမှုဖြစ်ပေါ်လာတဲ့ အကျိုးဆက်များအကြောင်းဖြစ်ပါတယ်။ ကမ္ဘာကြီးညစ်ညမ်းလာမှုဟာ ကမ္ဘာပေါ်က လူနှင့်တိရစ္ဆာန်သန်း ၁၀၀ ကျော်ကိုအကျိုးသက်ရောက်စေသည့် အကြီးမားဆုံးသတ်ဖြတ်မှုများထဲမှတစ်ခုဖြစ်သည်။ သမုဒ္ဒရာထဲသို့ နှစ်စဉ်စွန့်ပစ်သောအမှိုက်များသည် ပေါင် ၁၄ ဘီလီယံခန့်ရှိသည်။ ထိုအထဲမှာ ပလတ်စတစ်သည် အများဆုံးဖြစ်သည်။ လေထုညစ်ညမ်းမှုသည် နှစ်စဉ်နှစ်တိုင်း ပင်လယ်ပျော်ငှက်တစ်သန်း နှင့် နို့တိုက်သတ္တဝါသန်း ၁၀၀ ကျော်ကိုသေစေနိုင်သည်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ စွန့်ပစ်ပစ္စည်းအများဆုံး စွန့်ပစ်တဲ့နိုင်ငံဖြစ်ပြီး မသန့်စင်သောမိလ္လာနှင့်စက်မှုစွန့်ပစ်ပစ္စည်းများကို … Read more

ကံမဆိုးမှီ စက္ကန့်ပိုင်းအလိုမှာ ရိုက်ကူးထားသော ရီစရာ ဓာတ်ပုံများ ဓာတ်ပုံ ( ၁၆ )ပုံ

ယနေ့ခေတ်မှာတော့ ကျွန်ုပ်တို့ဟာ နေ့စဉ်ဘဝ အမှတ်တရများကို မှတ်တမ်းတင်ဖို့အတွက် ကျနော်တို့ရဲ့ ဖုန်း ( သို့ ) ကင်မရာများဖြင့်အလွယ်တကူမှတ်တမ်းတင်နိုင်ကြပါတယ်။ တစ်ခါတစ်ရံမှာ ကျနော်တို့ရိုက်ယူလိုက်မိတဲ့ ဓါတ်ပုံလေးတွေဟာ မထင်မှတ်ထားတဲ့ ပုံရိပ်များဖြစ်ပေါ်လာတတ်ကြပါတယ်။တစ်ချို့ Snapshot တွေကနောက်တစ်ခါပြန်ရဖို့ မလွယ်လောက်အောင်ကို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့တာတွေလဲရှိတတ်ပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ ကံမဆိုးမီ လက်မတင်လေး ဓါတ်ပုံရိုက်ယူထားနိုင်ခဲ့တဲ့ လျှပ်တစ်ပျက်ရိုက်ချက်များဖြစ်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။

ကျောင်းစာမှာ မသင်ခဲ့ရတဲ့ ကမ္ဘာ့သမိုင်းမှ ရှားပါးဓါတ်ပုံများ ဓါတ်ပုံ – ( ၁၅ ) ပုံ

ယခုဖေါ်ပြပေးချင်တာကတော့ ကျောင်းစာမှာမသင်ခဲ့ရတဲ့ ကမ္ဘာ့သမိုင်းမှ ရှားပါးဓါတ်ပုံများပဲဖြစ်ပါတယ်။ ၁။ နီကိုလပ် တပ်စ်စလာ နဲ့ သူ့ရဲ့ လျှပ်စစ်စမ်းသပ်ခန်း ၂။ လွန်ခဲ့သောနှစ်ပေါင်း ၂၈၀၀ ခန့်က အနမ်း ၃။ နျူဗုံးကို ပထမဆုံးအကြိမ် စမ်းသပ်ဖေါက်ခွဲစဉ် ၄။ ကမ္ဘာ့ပထမဆုံးကျည်ကာ အကျီကိုစမ်းသပ်နေစဉ် ၅။ တိုက်တန်းနစ်သင်္ဘောမနစ်မြုပ်မီ နောက်ဆုံးရိုက်ယူထားနိုင်ခဲ့သော ပုံ ၆။ တူတန်ခမာန် ရဲ့ သချိုင်းဂူကို ပထမဆုံးအကြိမ်ဖွင့်စဉ် ၁၉၂၃ ( ဒူးထောက်နေသူမှာ အဖွဲ့ခေါင်းဆောင် ဟောင်းဝပ်ကာတာဖြစ်ပါသည် ) ၇။ ကမ္ဘာ့ပထမဆုံး အက်တမ်ဗုံး ၈။ ရက်စ်မောတောင်ပေါ်တွင် သမ္မတ ဂျော့ဝါရှင်တန် ရဲ့ မျက်နှာပုံတူထုလုပ်စဉ် ၉။ အန္တာတိကတိုက် ကို လူသားတို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ် ၁၀။ ပထမကမ္ဘာစစ်အတွင်းက ဂျာမာန်စစ်သားများ ၁၁။ … Read more

ယူနက်စကို ရဲ့ နာမည်အကျော်ကြားဆုံး နေရာဒေသ (၁၀) ခု

အခုတစ်ခေါက်မှာတော့ ယူနက်စကို (UNESCO) အဖွဲ့အစည်းကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းထားတဲ့ နေရာတွေထဲကမှ ပရိသတ်တွေစိတ်ဝင်စားလောက်မယ့် ကမ္ဘာ့အမွေအနှစ်နေရာ (၁၀) ခုကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုနေရာတွေဖြစ်မယ်ဆိုတာကို အတူတကွ လေ့လာကြည့်လိုက်ကြရအောင်နော် …. ။ ၁။ Bagan , Myanmar ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ နေရာလေးကတော့ မြန်မာနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်မယ်ထင်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ရဲ့ မင်းနေပြည်တော်ဖြစ်တဲ့ ပုဂံကတော့ လှပတဲ့ရှုခင်းတွေ၊ (၁၀) ရာစုက ဘုရားပုထိုးစေတီလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ပါတယ်။ ပုဂံရဲ့ နေဝင်ဆည်းဆာအလှဟာလည်း အင်မတန်ကိုမှ နာမည်ကျော်ကြားပါတယ်။ ကမ္ဘာ့အမွေအနှစ်တွေထဲက တစ်ခုဖြစ်တဲ့ ပုဂံကတော့ မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ သွားရောက်သင့်တဲ့နေရာတစ်ခုပါပဲ။ ၂။ Galapagos Islands, Ecuador ပင်လယ်ရေစီးကြောင်းသုံးခုဆုံရာနေရာကို ဖြန့်ကျက်ထားတဲ့ ဒီကျွန်းအနီးတစ်ဝိုက်မှာတော့ … Read more

“မန္တလေးနားက လူတွေသိပ်မသိသေးတဲ့ ဓါတ်တော်တောင် သဘာဝလှိုဏ်ဂူကြီး “

ဓါတ်တော်တောင်နဲ့ လှိုဏ်ဂူကြီးက ကျောက်ဆည်မရောက်ခင် ဘယ်လင်းရွာကနားမှာရှိတာပါ ၊ မန်းလေးကနေသွားရင် တစ်နာရီခွဲလောက်ပဲကြာပါတယ် ဘယ်လိုသွားရမလဲမန်းလေး – ကျောက်ဆည် လမ်းအတိုင်းသွားရင် ကျောက်ဆည်မရောက်ခင်လေးမှာ “ဘယ်လင်းရွာ” ဆိုတဲ့ဆိုင်းဘုတ်တွေ့ပါမယ် အဲ့ဆိုင်းဘုတ်အလွန် “နည်းပညာမြှင့်တင်ရေးသင်တန်းဌာနသို့” ဆိုတဲ့လမ်းလေးအတိုင်း အရှေ့ထဲတည့်တည့် ၁၀ မိုင်လောက် ထောင်တက်သွားရုံပါပဲ ၊ မန်းလေးကနေ ဘယ်လင်းရွာကို ၁:၁၀ နာရီ ၊ ဘယ်လင်းကနေ ဓါတ်တော်တောင်ခြေကို ၂၀ မိနစ် ပဲမောင်းလိုက်ရပါတယ် ၊ ကားရော ဆိုင်ကယ်ပါ တောင်ခြေထိ မောင်းလို့ရပါတယ် ၊ တောင်ခြေကဘုန်းကြီးကျောင်းထဲမှာ ကားရပ်ခဲ့လို့ရပါတယ် ( လမ်းမှားမှာစိုးရင် အဲ့နားကတွေ့တဲ့သူတွေကို ဓါတ်တော်တောင်သွားမလို့ လို့သာမေးလိုက်ပါ လမ်းညွှန်ပေးကြတယ် )နောက်တစ်လမ်းကတော့ ကျောက်ဆည်မြို့ထဲကနေဖြတ်ပြီး တောင်ခြေကနေသွား မြင်စိုင်းမြို့သစ်ကနေ ဆက်သွား စက်ရုံနယ်မြေကိုကျော်ရင် ဓါတ်တော်ရွာရောက်မှာပါ။ တောင်တက်ခရီး အခြေအနေတောင်ခြေကနေ … Read more

စိုးပြည့်သဇင်နဲ့ ချစ်သူတွေအဖြစ် ပရိသတ်က ထင်မြင်ချက်အပေါ် ဟိန်းဝေယံ ဘာပြောလဲ

စိုးပြည့်သဇင်နဲ့ ချစ်သူတွေအဖြစ် ပရိသတ်က ထင်မြင်ချက်အပေါ် ဟိန်းဝေယံ ဘာပြောလဲစိုးပြည့်သဇင်နဲ့ ချစ်သူတွေအဖြစ် ပရိသတ်က ထင်မြင်ချက်အပေါ် ဟိန်းဝေယံ ဘာပြောလဲသရုပ်ဆောင် ဟိန်းဝေယံဆိုတာ နှုတ်ခမ်းနီမလေးတွေအသဲစွဲ မင်းသားတစ်လက်ဖြစ်ပီး သူရဲ့ သရုပ်ဆောင်အနုပညာဟာလည်း တမူထူးခြားချက်တွေရှိနေပါတယ်။ ဒါကြောင့်လည်း ပရိတ်သတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ အခုအခါမှာတော့ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ တွဲတာတွေများနေတဲ့အတွက် ပရိတ်သတ်က ချစ်သူတွေဖြစ်နေကြပီလို့လည်း ထင်နေကြပါတယ်။ crdစိုးပြည့်သဇင်ဟာလည်း ကိုကို ညီညီတို့ စွဲလမ်းချစ်ခင်ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပီး အကယ်ဒမီရတဲ့အထိ သရုပ်ဆောင်ဘက်မှာတော်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ ချစ်သူတွေအဖြစ် ပရိသတ်က ရှုမြင်နေကြသလို တွဲလည်း တွဲစေချင်ကြတယ်ဆိုတဲ့အပေါ်မှာ သရုပ်ဆောင် ဟိန်းဝေယံက မှတ်ချက်ပြုစကားပြောပါတယ်။သူတို့နှစ်ဦး ဘာကြောင့် ဇာတ်ကားတွေ တွဲရိုက်ဖြစ်တာ များနေသလဲဆိုတာကိုပါ ထည့်သွင်းပြောကြားသွားတာပါ။ Crd အကုန်သိအခုခါမှာတော့ သူတို့နှစ်ဦးရဲ့ … Read more

ဖျာစုတ်လေးခင်းပြီး လမ်းဘေးမှာ အိပ်ရတဲ့ A4 ရဲ့ဘဝကို တိုက်ခန်းမှာ အဲကွန်းလေးနဲ့ နေတိုင်အောင် ပြောင်းလဲပေးခဲ့တဲ့ ယုန်လေး

ယုန်လေးကတော့ အရည်အချင်းရှိတဲ့ရွက်ပုန်းသီးလူငယ်တွေကို မြေတောင်မြှောက်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ကြံရည်ရောင်းတဲ့ A4ကိုလည်း သွားရောက်တွေ့ဆုံအားပေးပြီး သူနဲ့အတူတူ သီချင်းတွေဖန်တီးနိုင်အောင် ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးက A4 အတွက်တိုက်ခန်းလေးနဲ့ နေနိုင်အောင် ဖန်တီးပေးဖြစ်ကြောင်းကို ဝမ်းသာစွာနဲ့ အခုလိုပဲ မျှဝေထားပါတယ်။ “ကျော်စွာ နေစရာ အိမ်လေးရသွားတဲ့အတွက် အရင်လို အိပ်နေတုန်း မိုးရွာရင် အိပ်ရေးပျက်ပြီး မိုးပြေးခိုစရာ မလိုတော့ပါဘူး။ ဝမ်းစာထဲကအတိုင်း မိုးမိ၊နှာစေး၊ ဆေးဖိုးမရှိဆိုတဲ့ စာသားတွေထဲကနေ ကျော်စွာတော့ လွတ်မြောက်သွားပါပြီ။ Rocker ကို တင်ပြလိုက်တာ Rocker ကအိမ်ဌားပေးပြီးကူညီသွားတာပါ။ မလွတ်မြောက်သေးတဲ့ အခြေခံလူတန်းစားများ၊ အရေးတကြီး လိုအပ်နေတဲ့ လူတန်းစားများအတွက် ကျွန်တော်လည်း အမြဲတန်း အဆင်မပြေတော့ Rocker ကိုအစီစဉ်လေး တင်ပြကြည့်တာ။” “လစဉ် တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် … Read more