ပထမဆုံးရိုက်ကူးခဲ့တဲ့ပုံလေးကို အမှတ်တရပြန်လည်ဖော်ပြလာတဲ့ စိုးပြည့်သဇင်
စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲကတစ်ယောက်ပါ။ အကယ်ဒမီဆုကြီးကိုလည်း ရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နာမည်ပျက်မရှိတဲ့ ပရိသတ် အချစ်တော် အနုပညာရှင်တစ်ယောက်အနေနဲ့လည်း အနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ စိုးပြည့်လေးကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ သူတစ်ယောက်ပီပီ ကိုယ်တိုင်ကလည်း အနုပညာပါရမီရှိပြီး ကြိုးစားတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးချစ်ခင်ကြတာပါ။ စိုးပြည့်လေးကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ဘဝမှာ ပထမဆုံးရိုက်ကူးဖူးခဲ့တဲ့ မဂ္ဂဇင်းပုံလေးကို အမှတ်တရအနေနဲ့ ြပ်န်လည်ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးမှာ စိုးပြည့်သဇင်ရယ်လို့ ပရိသတ်တွေမသိခင်ကတည်းကပုံလေးဖြစ်ပြီး ပရိသတ်တော်တော်များများ မတွေ့ဖူးလောက်တဲ့ ပုံလေးတစ်ပုံမို့ စိုးပြည့်ရဲ့ ပရိသတ်တွေအတွက် CeleGabar ကနေ မျှဝေဖော်ပြပေးလိုက်ပါယ်။ ဒီပုံလေးက စိုးပြည့်ရဲ့ အနုပညာခရီးလမ်းကို စတင်ခဲ့တဲ့ ပုံလေးပါတဲ့ CeleGabar ပရိသတ်ကြီးရေ။