လူတွေကိုအန္တာရာယ်ပေးနိုင်တဲ့ဓာတုဗေဒဒြပ်စင်(၁၀)မျိုး

သဘာဝတရားကြီးမှာကျွန်တော်တို့ကိုသေစေနိုင်လောက်တဲ့အရာတွေများစွာတည်ရှိနေသောလည်းစနစ်တကျကိုင်တွယ်အသုံးပြုတတ်မယ်ဆိုပါက ကျွန်တော်တို့ကိုလုံခြုံမှုတွေပေးနိုင်ပါတယ်။Marie Curie ဟာသိပ္ပံပညာရဲ့ အမြင့်မားဆုံးသောဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးသိပ္ပံပညာရှင်ဖြစ်ကာ ကံဆိုးစွာနဲ့ဘဲ သူရဲ့အလုပ်ကသူမကိုသေဆုံးစေခဲ့ပါတယ်။သူမနဲ့သူ့ရဲ့ ခင်ပွန်းဟာ ရေဒီယိုသတ္တိကြွကျောက်တုံးတွေကိုစနစ်တကျကြိတ်ခွဲကာ အမှုန့်တွေကို အက်စစ်ထဲမှာစိမ်ထားခဲ့ကြပါတယ်။၁၈၉၈ မှာသူတို့ဟာ ပိုလိုနီယမ်ဒြပ်စင်သစ်တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပြီး လအနည်းငယ်အကြာမှာတော့ ရေဒီယမ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမယ့်သူတို့ဟာ သူတို့ရဲ့အလုပ်ဟာ အန္တာရာယ်အရမ်းများတယ်ဆိုတာကို မသိခဲ့ကြပါဘူး။ ဘာကြောင့်ဆို ရေဒီယိုသတ္တိကြွမှုဟာအလွန်အန္တာရာယ်များတယ်ဆိုတာကို ကျွန်တော်တို့က ယခုအချိန်မှာသိရှိနေကြပေမယ့် ထိုခေတ်ကသိပ္ပံပညာရှင်တွေကတော့ စူးစမ်းနေဆဲပါ။ပိုဆိုးတာကတော့ သူတို့တွေ့ရှိခဲ့တဲ့ ပိုလိုနီယမ်ဒြပ်စင်ဟာ ရေဒီယိုသတ္တိကြွမှုအများဆုံးဒြပ်စင်ပါ။ယနေ့မှာတော့ သိပ္ပံပညာရှင်အသက်နဲ့ရင်းကာစူးစမ်းရှာဖွေခဲ့ကြတဲ့ လူသားတွေအတွက် အန္တာရာယ်ပေးနိုင်တဲ့ ဓာတုဗေဒဒြပ်စင်(၁၀)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ဟိုက်ဒရိုဂျင်(မီးလောင်လွယ်သောဒြပ်စင်)

credit photo

ကျွန်တော်တို့ရှုနေတဲ့လေထုဟာ အောက်ဆီဂျင်ကြီးသက်သက်နဲ့ဖွဲ့စည်းထားတဲ့မဟုတ်ဘဲ လေထုရဲ့ငါးပုံတစ်ပုံမှာ ဟိုက်ဒရိုဂျင်ပါဝင်နေကာ ဒီအရာတွေကတော့ကျွန်တော်တို့အတွက် ဘေးမဖြစ်စေပါဘူး။ဟိုက်ဒရိုဂျင်နဲ့အောက်စီဂျင်တွေဟာ လေထုထဲမှာအမြန်ဓာတ်ပြုဖွဲ့စည်းကာ ရေကိုဖြစ်ပေါ်လာစေပါတယ်။ဟိုက်ဒရိုဂျင်ဟာ မီးလောင်မှုကိုအားပေးတာကြောင့် လူသားတွေအတွက် အန္တာရာယ်ရှိတဲ့ ဒြပ်စင်တစ်ခုအဖြစ်တည်ရှိနေပါတယ်။ဟိုက်ဒရိုဂျင်ကိုတော့ရေနံသန့်စင်ခြင်းနဲ့ ဓာတ်မြေဩဇာထုတ်လုပ်တဲ့နေရာတွေမှာ အများဆုံးသုံးကြပါတယ်။

(၂)ဆီးဇီယံ(ပေါက်ကွဲစေနိုင်သော၊မီးလောင်လွယ်သောဒြပ်စင်)

credit photo

ဆီးဇီယံကိုကိုင်တွယ်မယ်ဆိုပါက အတော်ကိုသတိပြုကိုင်တွယ်ရမှာဖြစ်ပြီး သူဟာလေနဲ့ပွတ်တိုက်သွားမယ်ဆိုပါက ချက်ချင်းမီးတောက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။သူ့ကိုရေထဲလည်းမကျသွားအောင်အထူးသတိပြုရမှာဖြစ်ပြီး ထိုဒြပ်စင်ဟာ ရေထဲမှာဆို ပြင်းပြင်းထန်ထန်ကိုပေါက်ကွဲနိုင်ပါတယ်။ဆီးဇီယံကိုတော့ မျက်မှန်မှန်တွေ၊လေဟာနယ်ပြွန်တွေနဲ့ ဓာတ်ရောင်ခြည်သုံးကိရိယာတွေပြုလုပ်တဲ့နေရာတွေမှာသုံးပါတယ်။

(၃)ခရိုမီယမ်(ကင်ဆာဖြစ်စေနိုင်သောဒြပ်စင်)

credit photo

 

ခရိုမီယမ်သတ္တုဟာ လေနဲ့ဓာတ်ပြုတဲ့အခါမှာ တည်ငြိမ်မှုရှိပြီးပြောင်လက်တောက်ပတာကြောင့် ကားအစိတ်အပိုင်းတွေမှာအသုံးပြုကြပါတယ်။ဒါပေမယ့် ခရိုမီယမ် အက်တမ်ဟာ ကင်ဆာကိုဖြစ်စေနိုင်တာကြောင့် သူ့ထဲက အီလက်ထရွန် ခြောက်ခုကိုဖယ်ထုတ်ပြီးမှအသုံးပြုရပါတယ်။ခရိုမီယမ်ကိုတော့ စတိန်းလက်စတီး(သံချေးမတတ်သောစတီး)နဲ့ သတ္တုစပ်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာသုံးကြပါတယ်။

(၄)ကက်ဒမီယံ(အဆိပ်သင့်စေနိုင်သောဒြပ်စင်)

credit photo

ကက်ဒမီယံဟာ လေးလံသော သတ္တုတစ်မျိုးဖြစ်ကာခန္ဓာကိုယ်ထဲက အရိုးအတွက်အလုပ်လုပ်ပေးတဲ့ ကယ်ဆီယမ်တွေကိုဒုက္ခပေးပါတယ်။ကက်ဒမီယံ ဟာ ဇင်ပုံစံမျိုးအတုယူကာနေထိုင်သော်လည်း ခန္ဓာကိုယ်အတွက်တော့ကောင်းကျိုးတွေမပေးပါဘူး။ကက်ဒမီယံ ကိုတော့ ဘတ္ထရီများ၊ငွေရည်စိမ်ခြင်းများ၊ဆိုလာဆဲလ်များ၊ပလပ်စတစ် ကြာရှည်ခံဖို့ရောထည့်ခြင်းတွေနဲ့ ဆိုးဆေးတွေအတွက်သုံးကြပါတယ်။

(၅)သာလီယမ်(အဆိပ်သင့်စေနိုင်သောဒြပ်စင်)

credit photo

သာလီယမ်ဟာအခြား အရာတစ်ခုဖြစ်တဲ့ ပိုတက်ဆီယမ်နဲ့အလားသဏ္ဍာန်တူပါတယ်။သို့ပေမယ့်သူဟာ ပိုတက်ဆီယမ်ကဲ့သို့အလုပ်လုပ်ခြင်းမရှိဘဲ ကျွန်တော်တို့ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အလုပ်လုပ်ခြင်းကိုရပ်တန့်စေတဲ့ဆိုးကျိုးရှိပါတယ်။သာလီယမ်ကိုတော့ လျှပ်စစ်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာအများဆုံးအသုံးပြုပါတယ်။

(၆)ခဲ(အဆိပ်သင့်စေနိုင်သောဒြပ်စင်)

credit photo

ခဲကိုတော့ သုတ်ဆေးတွေနဲ့ ဓာတ်ဆီတွေထုတ်တဲ့နေရာတွေမှာသုံးကြပါတယ်။သို့ပေမယ့်ခဲဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် ယခုအခါပိုမိုသတိပြုကိုင်တွယ်လာကြပါတယ်။ခဲကိုတော့ ကားဘတ္ထရီတွေ၊ ဆိုးဆေးတွေ၊ခဲယမ်းမီးကျောက်တွေနဲ့ ကေဘယ်ကြိုးတွေရဲ့ အဖုံးအစွပ်တွေနေရာများအသုံးပြုကြပါတယ်။

(၇)အာဆင်းနစ်(အဆိပ်သင့်စေနိုင်သောဒြပ်စင်)

credit photo

အာဆင်းနစ်ဟာ ဖော့စဖောရပ်နဲ့ ဂုဏ်သတ္တိတွေတူညီကာ သူလည်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ဆဲလ်တွေကို ဒုက္ခပေးပါတယ်။အာဆင်းနစ် ကိုတော့ အထူးပြုလုပ်ထားတဲ့ ဖန်များ၊သေနတ်ကျဉ်ဆံထုတ်လုပ်ခြင်းနဲ့ တိရိစ္ဆာန်အရည်တွေကြာရှည်အထားခံအောင်ပြုလုပ်တဲ့ပစ္စည်းတွေထုတ်လုပ်ရာမှာသုံးပါတယ်။

(၈)ဖလိုရင်း(တိုက်စားနိုင်သောဒြပ်စင်)

credit photo

ဖလိုရင်းရဲ့အက်တမ်ဖွဲ့စည်းပုံဟာအီလက်ထရွန်တွေအတွက် အခြားသောအက်တမ်တွေနဲ့ အလွန်အမင်းဓာတ်ပြုနိုင်ပါတယ်။ဖလိုရင်းဟာ အလွန်ကိုအဆိပ်ပြင်းပြီး အရာဝတ္ထုတွေကို တိုက်စားပျက်စီးစေပါတယ်။ဖလိုရင်းကိုပမာဏအနည်းငယ်သာသုံးမယ်ဆိုပါကကောင်းကျိုးများစွာရှိပြီး အများကြီးကိုသုံးမယ်ဆိုပါက အဆိပ်ဖြစ်စေပါတယ်။ ဖလိုရင်းကိုတော့ နူကလီယားပစ္စည်းတွေ၊ နူကလီယားဓာတ်ပေါင်းဖိုတွေတည်ဆောက်တဲ့နေရာတွေနဲ့ ပမာဏအနည်းငယ်ကိုတော့ သွားပိုးစားခြင်းတွေကိုကုသတဲ့နေရာတွေမှာလည်းသုံးကြတဲ့အပြင် သွားတိုက်ဆေးနဲ့ရေသန့်တွေထုတ်တဲ့နေရာမှာလည်းသုံးကြပါသေးတယ်။WHO ကတော့ 1.55ppm ပမာဏကိုသာရေသန့်ထုတ်လုပ်ရာမှာသုံးရမယ်လို့ကန့်သတ်ထားပါတယ်။

(၉)ခနောက်စိမ်း(အဆိပ်သင့်စေနိုင်သောဒြပ်စင်)

credit photo

ခနောက်စိမ်းဟာ periodic ဇယားမှာတော့ အာဆင်းနစ်ရဲ့ အောက်မှာရှိပြီး နှစ်ခုလုံးဟာ အဆိပ်သင့်စေတဲ့အာနိသင်ရှိပါတယ်။ခနောက်စိမ်းဟာလူ့ရဲ့အသည်းကိုဖျက်ဆီးနိုင်ပြီး အော့အန်တာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ခနောက်စိမ်းကိုတော့ အလွိုင်(သတ္တုစပ်ပစ္စည်း)တွေကိုမာကျောစေဖို့သုံးကြပြီး ဘတ္ထရီ ခဲအလွိုင်တွေနဲ့ စက်တွေရဲ့ ခဲ၊ကြေး၊သံ ဘောစေ့တွေမှာသုံးကြပါတယ်။မော်တာကား ကလပ်တွေနဲ့ ဘရိတ်တွေမှာလည်း ခနောက်စိမ်းကိုသုံးကြပါတယ်။

(၁၀)ပလူတိုနီယမ်(ရေဒီယိုသတ္တိကြွစေတဲ့ဒြပ်စင်)

credit photo

ပလူတိုနီယမ်ရဲ့ ဖွဲ့စည်းပုံဟာ နူကလီယားလက်နက်များကို ပြုလုပ်နိုင်တဲ့ မြင့်မားတဲ့ ရေဒီယိုသတ္တိကြွမှုတွေနဲ့ဖွဲ့စည်းထားပါတယ်။ရေဒီယို သတ္တိကြွခြင်းဆိုသည်မှာ အက်တမ်တွေပြိုကွဲပြီး လူသားတွေရဲ့ ဆဲလ်တွေကိုဆိုးဆိုးဝါးဝါးပျက်ဆီးစေနိုင်တဲ့ အရာတွေကိုစွန့်ထုတ်လိုက်တာဖြစ်ပါတယ်။ပလူတိုနီယမ်ကိုတော့ နူကလီယားလက်နက်ထုတ်လုပ်တဲ့နေရာမှာသုံးကာ ပလူတိုနီယမ် ၁ ကီလိုဂရမ်ပြိုကွဲခြင်းဟာ ဓာတုဒြပ်စင်တွေ တန် ၂၀၀၀၀လောက် ပေါက်ကွဲတာနဲ့ညီမျှပါတယ်။

 

 

 

 

 

Leave a Comment